Saturday, June 14, 2008



ဒီနေ့ဟာ အဖေများ နေ့

သမီး တ ယောက် ဖြစ် တဲ့ ကျွန်မ

မိဘနဲ့ အဝေးမှာနေရတဲ့ ကျွန်မ

ဒီနေ ရာကနေပြီး အဖေ့ကို ဂုဏ်ပြုလိုက်ပါတယ်။

Happy Father Day Daddy!

ဘယ်အချိန်မှာ မိဘအနားပြန်နေပြီး

ပြုစုခွင့်ရမလဲဆိုတာ

ရေရေရာရာ မသိသေးပေမဲ့

အဖေ့ကျေးဇူး ဆပ်နိုင်နိုင်ဖို့

အကောင်းဆုံး ကြိုးစားနေတယ်နော်။

အဖေ ကျန်းမာပျော်ရွှင် ချမ်းမြေ့ပါစေ။

အဖေများနေ့မှာ အဖေကို ဂုဏ်ပြုခွင့် ရနေသေးတဲ့အတွက်

ကျွန်မ အရမ်းဝမ်းသာ ဂုဏ်ယူမိပါတယ်။

ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အဖေဆိုတာ မရှိတော့တဲ့ လူများကို

ကျွန်မ ဒီနေရာကနေ ဆုတောင်းပေး ချင်တာကတော့

ဖခင်ကဲ့သို့ ကူညီတတ်သော

ဖခင်ကဲ့သို့ စာနာတတ်သော

ဖခင်ကဲ့သို့ စိတ်ထားတတ်သော

သူများနှင့်အမြန်ဆုံးဆုံဆည်းနိုင်ကြပါစေ။

2 Comments:

Blogger စိုးထက် - Soe Htet ! said...

အဖေ့ကျေးဇူး အကောင်းဆုံး ဆပ်နိုင် ပါစေ ...

10:24 AM  
Blogger လင်းကြယ်ဖြူ said...

အားပေးသ္ဂားပါတယ်။ဆက်လက်အောင်မြင်ပါစေ။
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

12:43 AM  

Post a Comment

Subscribe to Post Comments [Atom]

<< Home